သဂြိင်္ုဟ် ဘာသာဋီကာ စာမျက်နှာ ၁၀၈ ၊ မနသီကာရ သုံးမျိုး
မနသီကာရသည် ဝီထိပဋိပါဒက ၊ ဇဝန ပဋိပါဒက၊ အာရာမဏပဋိပါဒက ဟု သုံးမျိုးရှိသည်။ ....
(၁) ဝီထိစိတ်အစဉ်ကို ဖြစ်ပေါ်စေတတ်သော မနသီကာရ ကို ” ဝီထိပဋိပါဒက မနသီကာရ“ ဟုခေါ်သည်။ တရားကိုယ်မှာ ပဉ္စဒွာရဝဇ္ဇန်းတည်း။ ... မိမိနောက်မှ စက္ခုဝိညာဏ်၊ သမ္ပဋစ္ဆိုန်း စသောဝီထိကိုဖြစ်စေတတ်သည်။
(၂) ဇောအစဉ်ကိုဖြစ်စေတတ်သော မနသီကာရကို “ဇဝန ပဋိပါဒက မနသီကာရ“ ဟုခေါ်၏။ တရားကိုယ်မှာ မနောဒွာရဝဇ္ဇန်း တည်း။ ....
ကျမ်းဂန်များ၌ အသုံးများသော “ယောနိသောမနသီကာရ၊ အယောနိသောမနသီကာရ ဟူသည် ဤ မနသီကာရ နှစ်မျိုးပင်တည်း။
ဤမနသီကာရကြောင့် ကုသိုလ်၊ အကုသိုလ် ဖြစ်ပုံကို “ ယံကိဉ္စိ လဒ္ဓပစ္စယံ“ အဖွင့်၌ ပြအံ့။ ....
(ကောင်းသော၊ နှစ်လိုဘွယ်ဖြစ်သော အာရုံပင် ဖြစ်လင့်ကစား ... အယောနိသော မနသီကာရ ၊ အယောနိသော ပဉ္စဒွာရဝဇ္ဇန်း၊ အယောနိသော မနောဒွာရဝဇ္ဇန်း စိတ်တို့နှင့်တွေ့ကြုံ ရပါက .... အကုသိုလ်ဇောစိတ်ကိုဖြစ်စေနိုင်၏။ အကုသိုလ် ဝီထိကို ရစေနိုင်၏။
ထို့အတူ ကောင်းသော၊ နှစ်လိုဘွယ်ဖြစ်သော အာရုံကိုပင် ... ယောနိသော မနသီကာရ ၊ ယောနိသော ပဉ္စဒွာရဝဇ္ဇန်း၊ ယောနိသော မနောဒွာရဝဇ္ဇန်း စိတ်တို့နှင့်တွေ့ကြုံ ရပါက .... ကုသိုလ်ဇောစိတ်ကိုဖြစ်စေနိုင်၏။ ကုသိုလ် ဝီထိကို ရစေနိုင်၏။ ဟူလို.....
မိမိ၏စိတ်သဏ္ဍန်၌ ယောနိသော မနသီကာရ ပဉ္စဒွာရဝဇ္ဇန်း စိတ်၊ မနောဒွာရဝဇ္ဇန်စိတ် တို့  ကိုသာ ဖြစ်ပေါ်ခွင့်ရ နေအောင် လေ့ကျင့်ထားပါက ၊ ကောင်းသောအာရုံ ဖြစ်စေ၊ မကောင်းသော အာရုံဖြစ်စေ၊ ကုသိုလ်ဇော ကိုသာဖြစ်စေနိုင်ပါမည်။)
(၃) အာရမဏပဋိပါဒကမနသီကာရ ကား စိတ်၌ အာရုံကိုပေါ်လာစေတတ်သော မနသီကာရ စေတသိတ်တည်း။
(အချို့အရာ၌ ဥာဏ်ကိုလည်း ယောနိသောမနသီကာရ ဟု ကောက်ယူရသေး၏။)
(“ ယံကိဉ္စိ လဒ္ဓပစ္စယံ“ ကို ဥပမာ ပြုပါဦးမည်။......
လူတစ်ယောက်သည် ည သန်းခေါင် အချိန်မှာ အိပ်မပျော်နိုင်သေး.... စီးပွားရေး ၊လူမှုရေး စိတ်ရှုပ်စရာတို့ကိုတွေးနေသည်ဆိုပါစို့.....
မလှမ်းမကမ်း အရပ်ဒေသမှ အသံမစဲ ပဋ္ဌာန်းပွဲ ရွတ်ဖတ်သံကို လည်းကောင်းစွာကြားနေရသည်ဆိုပါစို့....
ထိုပဋ္ဌာန်းရွတ်ဖတ်သံ အကြားအာရုံကို အာရုံပြုသဖြင့် ... ထိုလူ၏ စိတ်အစဉ်၌ ... လှုပ်သော ဘဝင်စိတ် နှစ်ကြိမ်ဖြစ်ပြီးသောအခါ ....... ထိုပဋ္ဌာန်းပွဲ ရွတ်ဖတ်သံ “သောတအာရုံ ” ကို ဆင်ခြင်သကဲ့သို့ဖြစ်သော ”ပဉ္စဒွာရ ဝဇ္ဇန်းစိတ်” ဖြစ်ပေါ်ပါသည်။ ထိုအခိုက်၌ ဖြစ်သော ပဉ္စဒွာရ ဝဇ္ဇန်းစိတ်သည် ... စောစောကအတွေးနယ်ချဲ့ မိသော စီးပွးရေး၊ လူမှုရေးဆိုင်ရာ စိတ်ရှုပ်စရာ တို့ ၏ အတွေးအာနိသင်ကြောင့် “ယောနိသော မနသီကာရ ပဉ္စဒွာရဇ္ဇန်းစိတ်” မဖြစ်ပါပဲ ” အယောနိသော မနသီကာရ ပဉ္စဒွာရဇ္ဇန်းစိတ်” ဖြစ်ပါတော့သည်။ ....
ထိုမှနောက်၌ကား.... စိတ်၇ှုပ်ရတဲ့ကြားထဲ ဒီပဋ္ဌာန်းပွဲကလည်း အသံဆူလိုက်တာ ဟု ပဋ္ဌာန်းပွဲကပဲ သူ့အား အိပ်မရအောင်နှောက်ယှက်လေဟန်.... ဟု စိတ်ကူးအတွေးနှင့်အတူ..... တရားသံ၌ အကုသိုလ်ဇောစိတ် ဖြစ်ရလေတော့၏။)
No comments:
Post a Comment