Friday 17 February 2012

မေတ္တာပို့ခြင်း နှင့် မေတ္တာအံခြင်း

မေတ္တာပို့ခြင်းနှင့် မေတ္တာအံခြင်း

မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ သိက္ခာပဒံ သမာဓိယာမိ… ဟူသောကိုးပါးသီလဆောက်တည်ရာ၌ လူတိုင်းရွတ်ဆို၍ သီလဆောက်တည်ဖူးကြလိမ့်မည်ဖြစ်၏။အဓိပ္ပါယ်မှာ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် အားလုံးသောသက်ရှိသတ္တ၀ါတို့၏အပေါ်၌ ပျံ့နှံ့၍ သိက္ခာပုဒ်ကို ဆောက်တည်ကျင့်သုံးပါ၏ဟု ဆိုလိုခြင်းဖြစ်၏။ သတ္တ၀ါအားလုံးအပေါ်၌ မေတ္တာထားခြင်းဖြင့်နေ့တိုင်းမေတ္တာပို့ကြ၏။ သို့သော် မိမိပို့လွတ်အပ်သောမေတ္တာသည် သတ္တ၀ါတို့အပေါ်၌ ကျရောက်ခြင်း ၊ မကျရောက်ခြင်းသည် ပို့လွတ်သူ၏ အတွင်းစိတ် မေတ္တာနှင့်သက်ဆိုင်၏။ မိမိ၏စိတ်ထဲ၌မပါဘဲ နှုတ်ဖြင့် လုံးစုံများစွာ သတ္တ၀ါကျန်းမာကြပါစေ….. စသည်ဖြင့် ကလေးများဆရာ/ ဆရာမများအထံ၌ စာအံသကဲ့သို့ ရွတ်ဖတ်နေခြင်းသည် မေတ္တာပို့ခြင်းမဟုတ် မေတ္တာအံခြင်းသာဖြစ်၏။ မေတ္တာအံခြင်းဖြစ်သဖြင့်မေတ္တာလည်းမသက်ရောက်ပါပေ။မေတ္တာပို့သည်ဟူရာ၌ ကာရုည စိတ္တံ ဥပထပေတွာ သတ္တ၀ါအားလုံးအပေါ်၌ သနားသောစိတ်ကို ဖြစ်စေ၍ မိမိစိတ်နှလုံးမှ အမှန်တကယ်ဖြစ်သောစိတ်ဖြင့်.. လုံးစုံများစွာ သတ္တ၀ါကျန်းမာကြပါစေ… စသည်ဖြင့် ဂရုဏာရှေ့ရှု၍ ရွတ်ဆိုခြင်းသည် မေတ္တာပို့ခြင်းဖြစ်၏။ မေတ္တာပို့ခြင်းဖြစ်သဖြင့်မေတ္တလည်းသက်ရောက်၏။ သို့အတွက်ကြောင့် မေတ္တာပို့ခြင်းနှင့် မေတ္တာအံခြင်းတို့တွင် မေတ္တာပို့ခြင်းဖြစ်စေချင်ပါသည်။ အန္တရာယ်ခပ်သိမ်း ရှောင်ခွါတိမ်း ကင်းငြိမ်းကြပါစေ……

No comments:

Post a Comment