“သီလခေါ်ဆို၊ကိုယ်ကျင့်တရားပျက်စီးငြားမူ၊စီးပွားလည်းပျက်၊နာမည်ပျက်၍ ၊
ရွံ့ရှက်ကြောက်လျင်းပွဲလည်ချဉ်း၏။
သေချင်းဆိုက်လတ်၊သတိလွတ်လျက်၊ရောက်လတ်ဒုဂ္ဂတိ ဆင်းရဲဖိသည်
ရ၏ဆိုးကျိုးများစွာတည်း ။”
“သီလခေါ်ဆိုကိုယ်ကျင့်တရား၊စင်ကြယ်ငြားမူ၊စီးပွားတိုးလျက်၊နာမည်တက်၍
ရွံ့ရှက်ကြောက်ကင်း၊ပွဲလည်ချဉ်းး၏
သေချင်းဆိုက်လတ် သတိကပ်လျက်၊ရောက်လတ်နတ်ဝယ်၊ဤ ငါးသွယ်
ရဖွယ်ကောင်းကျိုးတည်း။”
ငါးပါးသီလကို အမှန်တကယ်လုံခြုံသူသည်အပ္ပါယ်ငရဲသို့မရောက်နိုင်ပါ။သောတာပန်ပုဂ္ဂိုလ်နှင့်အလားသဏ္ဍန်
တူပါသည်။သောတာပန်ပုဂ္ဂိုလ်သည်အပ္ပါယ်သို့မလားနိုင်ပါ။ထို့ကြောင့် ငါးပါးသီလမြဲသောသူကိုသောတာပန်
နှင့်အလားတူသောပုဂ္ဂိုလ်အဖြစ်၊သတ်မှတ်ထားခြင်းဖြစ်ပါသည်။တကယ့်သောတာပန်တော့မဟုတ်ပါ။
သီလအကျင့်နှင့်သမထဝိပဿနာဘာဝနာအကျင့်မှာအမျိုးအစားကျင့်ပုံခြင်းမတူကြပါ။သီလအကျင့်ဆိုသည်မှာကာယကံနှင့်ဝဇီကံမကောင်းမှုများကိုပယ်သတ်ခြင်းဖြစ်၍၊သမထဝိပဿနာဘာဝနာအကျင့်များကစိတ်ကိုထိမ်းသိမ်းခြင်း၊မနောကံ မကောင်းမှုများနှင့် ပတ်သက်၍ရုပ်နမ် တို့၏ဖြစ်ပျက်အမှန်ကိုသိအောင်၊ကြိုးစားရှုမှတ်ခြင်း
ဖြစ်ပါသည်။
သီလလုံခြုံ ရုံမျှဖြင့်သောတာပန်မဖြစ်နိုင်ပါ။
သမထဝိပဿနာ ဘာဝနာအကျင့်များကိုကျင့်ကြံမှသာသောတာပန်ဖြစ်ပါသည်။သီလမလုံခြုံပဲသမထဝိပဿနာ
ကျင့်ရုံမျှဖြင့်လည်းသောတာပန်မဖြစ်နိုင်ပါ။သီလနှင့်ဝိပဿနာနှစ်မျိုးလုံးစုံမှ သောတာပန်ဖြစ်နိုင်ပါသည်။
ထို့ကြောင့်..အခြေခံအဆင့်ဖြစ်သောသီလလုံခြုံမှု ကအဓိကကျ ပါသည်။
လားဂတိကောင်းရန်..သီလသည်အခြေခံကျသည်ဟု ဆိုပါရစေ။
“မကောင်းမှုရှောင်၊ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား။ပြောပြုတွေးလျှင်သတိယှဉ်၊
ဆင်ခြင်ဥာဏ်ရှေ့သွား၊စိတ်ထားဖြောင့်မှန်ခွင့်လွှတ်ရန်၊သည်းခံမေတ္တာထား။
လုံ့လနှင့်ဇွဲ မလျှော့ပဲ အမြဲတင်းတင်းထား။အရာရာတွင်အသုံးဝင်၊အောင်မြင်ကြောင်းတရား။”
*ဤ စာ ကိုရေးသားရခြင်းအကျိုးအဖြစ် ပရမတ္တစက္ခု အရှိကိုအရှိအတိုင်းမြင်တတ်သော မျက်လုံးကို သာရရှိနိုင်ရပါလို၏*

No comments:
Post a Comment