Thursday, 2 February 2012

အောင်မြင်ရေးလမ်းညွှန်

ဥဋ္ဌာနေနပ္ပမာဒေန၊ သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကိရတိ။

ဥဋ္ဌာန- ဇွဲမလျှော့ဘဲ ရဲရင့်ပြတ်သား ကြိုးစားခြင်း၊
အပ္ပမာဒ- ဦးတည်ချက်ကို မေ့မထားဘဲ ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားခြင်း၊
သံယမ- ပန်းတိုင်သို့ လျှောက်ရာလမ်းမှာ အဟန့်အတားဖြစ်စေနိုင်သည့် ကိုယ်နှင့်နှုတ်ကို အမှားအယွင်းမရှိ အောင် စောင့်စည်ခြင်း၊
ဒမ- ဦးတည်ချက်မှလွဲချော်စေမည့် အပြုအမူမျိုး မပြုမူမိအောင် ဝေဖန်ပိုင်းခြားသောအသိဉာဏ်ဖြင့် စိတ်ကို ထိန်းချုပ်ခြင်း။
ဤတရားလေးမျိုးနှင့်ပြည့်စုံသူသည် လောကီအောင်မြင်ရေးသာမက လောကုတ္တရာအောင်မြင်ရေးတို့ကိုပါ မလွဲမသွေ ရယူနိုင်စွမ်းသည်။ ဤတရားလေးမျိုးကို ဘ၀ဆီမီးတိုင်သဖွယ်၊ ဘ၀လမ်းပြကြယ်သဖွယ် လက်ကိုင်ထား၍ လက်တွေ့ကျကျကျင့်သုံးပါက ဘ၀အခက်အခဲမှန်သမျှကို ကျော်ဖြတ်နိုင်ပြီး ရည်မှန်းချက် ပန်းတိုင်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနိုင်ပါသည်။
ဤတရားလေးမျိုးနှင့်ပြည့်စုံသူကို သြဃလေးဖြာဟုခေါ်သည့် ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အ၀ိဇ္ဇောဃတို့သည် မလွှမ်းမိုး မဖျက်ဆီး မဟန့်တား မနှစ်မြှုပ်နိုင်ပါ။ ဤနေရာ၌ သြဃဟူသည် သတ္တ၀ါတို့ကို စုတိပဋိသန္ဓေအစွမ်းဖြင့် သံသရာဝဋ်၌ နစ်မြုပ်စေနိုင်သောကြောင့် ကာမ၊ ဘ၀၊ ဒိဋ္ဌိ၊ အ၀ိဇ္ဇာတရားလေးပါးကို သြဃဟုခေါ်ရပါသည်။

No comments:

Post a Comment